ကိုရိုနာကူးစက်ခံ ပြင်သစ်သမ္မတ မက်ခွန်း လုပ်ငန်းတာဝန်များ ဆက်လုပ်

394
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပြင်သစ်သမ္မတ မက်ခွန်းက သူ့အခြေအနေဟာ ကောင်းမွန်ပေမယ့် ဗိုင်းရပ်စ်ကြောင့် သူဟာ အလုပ်ကို ဖြည်းဖြည်းချင်း လုပ်နေတယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
သမ္မတ မက်ခွန်းက သူ့အနေနဲ့ ပြင်သစ်ရဲ့ ကပ်ရောဂါ တုံ့ပြန်ရေးနဲ့ ဘရဲဆစ်ကိစ္စကို ဆက်လက်အလေးထားသွားမယ်လို့ တွစ်တာကနေ လိုက်ဖ်လွှင့်ပြီး ပြောဆိုပါတယ်။
ဗြိတိန်နဲ့ အီးယူအကြား ယူရိုငွေ ၁ ထရီလီယံ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကို နောက်ဆုံးအချိန်အထိ ဆက်လက်ဆွေးနွေးနေပါတယ်။
ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သမ္မတ မက်ခွန်းဟာ သီးခြားခွဲ နေထိုင်ပြီး လုပ်ငန်းတာဝန်တွေကို ဆက်ဆောင်ရွက်နေပါတယ်။
သူရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန် ထုတ်ပြန်သွားမှာဖြစ်ပြီး အမှုမဲ့မှတ်အမှတ်မဲ့ နေရာကနေ ဗိုင်းရပ်စ် ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း မက်ခွန်းက ဝန်ခံ ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်က ပြင်သစ် သမ္မတ မက်ခွန်းဟာ အီးယူခေါင်းဆောင်တွေနဲ့ အစည်းဝေးတွေ လုပ်ခဲ့တယ်လို့ ရိုက်တာက တင်ပြပါတယ်။