လူ့အခွင့်အရေး စုံစမ်းရေးအဖွဲ့ကို ၀င်ခွင့်ပြုရန် မြောက်ကိုရီးယားထံ ကုလတောင်းဆို

မိုက်ကယ်လ် ကီအာဘီ
မြောက်ကိုရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးဖို့အတွက် စုံစမ်းသူတွေကို နိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား လူ့အခွင့်အရေး စုံစမ်းမယ့် ကုလသမဂ္ဂအဖွဲ့ဟာ ဆိုးလ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို သက်သေခံပေးမယ့် မျက်မြင်သက်သေ ၄၀ ကျော်နဲ့ တွေ့ဆုံကြားနာမှုတွေ လုပ်ခဲ့တာ အပါအ၀င် ၁၀ ရက်ကြာ အထူးတာဝန်တွေလည်း ပြီးစီးခဲ့ပါတယ်။ [caption id="attachment_42972" align="alignright" width="150" caption="မိုက်ကယ်လ် ကီအာဘီ"][/caption] “နိုင်ငံသားတွေရဲ့အခွင့်အလမ်းတွေကို သွားစစ်ဆေးဖို့နဲ့ သူတို့နိုင်ငံသားတွေနဲ့ စကားပြောဖို့ တံခါးတွေဖွင့်ပြီး ၀င်ခွင့်ပေးလိုက်ပါ” လို့ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ မိုက်ကယ်လ် ကီအာဘီက ပြောပါတယ်။ မြောက်ကိုရီးယားကတော့ စုံစမ်းစစ်ဆေးမယ့်သူတွေကို ပြည်ဝင်ခွင့် ငြင်းပယ်ထားတာပါ။ ပြည်သူတွေနဲ့တွေ့ဆုံကြားနားမှုတွေ လုပ်ခဲ့စဉ်က အကြောင်းအရာသစ်တွေလည်း ပေါ်လာခဲ့တယ်လို့ ကုလအဖွဲ့က ဆိုပါတယ်။ အမျိုးသမီးတွေကို လူကုန်ကူးတာနဲ့ ထောင်တွေ၊ တခြားနေရာတွေမှာ အမျိုးသမီးတွေကို နှိပ်စက်ညှဉ်းပန်းတာတွေကို အသစ်အဆန်းအဖြစ် ကြားခဲ့ရပြီး ဒါဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေပဲလို့ ကီအာဘီက ဖြည့်စွက်ပြောပါတယ်။ အလွတ်သဘော စုံစမ်းချက်တွေအရ မြောက်ကိုရီးယား အကျဉ်းစခန်းတွေထဲမှာ လူပေါင်း ၁ သိန်းခွဲကနေ ၂ သိန်းအထိ ရှိနေပြီး အကျဉ်းသားအတော်များများဟာ အာဟာရမပြည့်ကြပဲ သေတဲ့အထိ အလုပ်တွေ လုပ်ကြရတယ်လို့ ပြည်ပြေးတွေက ပြောပြကြပါတယ်။ ဒါဟာ လက်ရှိ တတိယမြောက် ကင်မ်မျိုးဆက် အုပ်ချုပ်နေတဲ့ ပြုံယမ်းအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆိုနေပေမယ့် ကုလစုံစမ်းရေးအဖွဲ့က မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးဆိုင်ရာတွေကို ပထမဆုံးအကြိမ် စစ်ဆေး မှတ်တမ်းတင်ထားတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up