နိုင်ပွဲမရသည့် ရှော်ကေးအသင်းနည်းပြ မန်နူရယ်ဘရမ်ကို ရာထူးက ထုတ်

473
ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းဟာ နည်းပြ မန်နူရယ်ဘာရမ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ၂၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ ဘာရမ်ကို သောကြာနေ့က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ယာယီနည်းပြအနေနဲ ဟော်လန်နည်းပြ တစ်ဦးဖြစ်သူ ဟတ်ဘ်စတီဗင်ကိုလည်း တစ်ပါတည်း ခန့်အပ်ခဲ့ပါတယ်။
အသက် ၆၇ နှစ်ရှိ စတီဗင်က ရှော်ကေးကို ၄ ကြိမ်မြောက် ကိုင်တွယ်တာ ဖြစ်ပါတယ်။
၁၉၉၆ ကနေ ၂၀၀၂ ခုနှစ်အထိ ပထမဆုံးအကြိမ်ကိုင်တွယ်ခဲ့ပြီး ၂၀၁၁ ကနေ ၂၀၁၂ အထိ ဒုတိယအကြိမ်၊ ၂၀၁၈-၂၀၁၉ ရာသီအကုန်ကာလမှာ တတိယအကြိမ် တာဝန်ယူခဲ့ဖူးတာပါ။
ရှော်ကေးအသင်းဟာ ဒီကနေ့မှာ ဘီလက်ဖီးလ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး အုပ်စုအောက်ဆုံးနေရာကနေ ရုန်းထွက်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။