ကာကွယ်ဆေးဘေးကင်းမှု ပြည်သူသိရှိစေရန် အမေရိကန်ဒုသမ္မတ ကိုဗစ်ကာကွယ်ဆေးထိုး

255
အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ဟာ ဒီဇင်ဘာ ၁၈ ရက်က ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံခဲ့ပြီး ကာကွယ်ဆေးထိုးနှံတာကို ရုပ်သံကနေ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။
အမေရိကန်မှာ ၃ ရက်ဆက်တိုက် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ၃,၀၀၀ ကျော် ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးတာကို လူထုထောက်ခံအောင် ဒုသမ္မတ ပန့်စ်က ကြိုးပမ်းတာပါ။
ဒုသမ္မတ ပန့်စ်၊ ဒုသမ္မတကတော် ကယ်ရန်ပန့်စ်နဲ့ ရေတပ်ဒုဗိုလ်ချုပ်ကြီး ဂျရွမ်းအက်ဒမ်တို့ ဟာ အများပြည်သူရှေ့မှာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခံတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာ ပန့်စ်က သူဘယ်လိုမှ မခံစားရဘူးလို့ ပြောခဲ့ပါတယ်။
ကာကွယ်ဆေး ဘေးကင်းမှုအပေါ် အများပြည်သူတွေ သံသယကင်းစေဖို့ ကြိုးပမ်းမှု တရပ်အဖြစ် သူတို့ ၃ ယောက်နောက်မှာ နိုင်ငံရေးခေါင်းဆောင်တွေ ဆက်တိုက် ကာကွယ်ဆေး ထိုးနှံလာနိုင်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က အမေရိကန်မှာ ကိုဗစ်အသစ်ကူးစက်သူ ၂၃၉,၀၀၀ ကျော် ရှိခဲ့ပြိး စုစုပေါင်း ကိုဗစ်ကူးစက်ခံရသူ ၁၇- သန်း ကျော်သွားပြီလို့ ရိုက်တာက ဖော်ပြပါတယ်။