A d v e r t i s e m e n t With Us

လက်စတာနှင့်ပွဲမတိုင်ခင် ဗာဒီနှင့်နည်းပြရော်ဂျာကို မော်ရင်ဟို ချီးကျူးစကားဆို

လက်စတာနဲ့ ပွဲမတိုင်ခင်မှာ နည်းပြရော်ဂျာနဲ့ တိုက်စစ်မှူး ဂျေမီဗာဒီကို နည်းပြမော်ရင်ဟိုက ချီးကျူးစကားဆိုလိုက်ပါတယ်။ စပါးအသင်းဟာ လက်စတာနဲ့ အိမ်ကွင်းမှာ တနင်္ဂနွေနေ့ လက်ခံကစားသွားရမှာဖြစ်ပြီး ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်မှူးဗာဒီနဲ့ နည်းပြရော်ဂျာတို့ကို ချီးကျူးခဲ့တာပါ။  ဗာဒီက ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတာ အလွန်နောက်ကျခဲ့ပြီး နှစ်အနည်းငယ် ပိုစောပြီး ရောက်ခဲ့ရင်တော့ အခုထက်ပိုတဲ့ သမိုင်းမှတ်တမ်းတွေနဲ့ စံချိန်တွေ ရယူနိုင်မယ်လို့ မော်ရင်ဟိုက ချီးကျူးပါတယ်။  မိမိသာ နောက်ခံလူတစ်ဦးဆိုရင် ဗာဒီအား ရင်ဆိုင်ရမှာကို ပျော်ရွှင်မှာ မဟုတ်ကြောင်းလည်း မော်ရင်ဟိုက ပြောပါတယ်။ နည်းပြရော်ဂျာကို ချဲလ်ဆီးမှာ ရှိစဉ်ကတည်းက သိရှိခဲ့ပြီး အလွန်ထူးချွန်တဲ့နည်းပြ ဖြစ်တယ်လို့ မော်ရင်ဟိုက ချီးကျူးပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up