Home
မြန်မာသတင်း
လေကြောင်းခရီးသွားများနှင့် လေဆိပ်ဝန်ထမ်း ၅၀ ကျော်တွင် ကိုဗစ်-၁၉ တွေ့ရှိ
DVB
·
December 18, 2020
ရန်ကုန်တိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း လေကြောင်းခရီးသွားတွေနဲ့ လေဆိပ်ဝန်ထမ်း ၁၆၄၇ ယောက်ကို  ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာမှာ ၅၁ ယောက်မှာ ရောဂါတွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။  စစ်ဆေးသူ အယောက် ၁၆၀၀ ကျော်မှာ ပြည်တွင်းခရီးသွား ၈၃၀ ၊ လေဆိပ်ဝန်ထမ်း ၈၁၇ ယောက်ပါဝင်ပြီး ခရီးသွားတွေထဲက  ၁၃ ယောက်  လေဆိပ်ဝန်ထမ်းတွေထဲက ၃၈ ယောက်  ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိအခြေအနေအရ လေဆိပ်ဝန်ထမ်းတွေမှာ ရောဂါပိုးတွေ့ရှိမှု ပိုများနေတာလည်း ဖြစ်ပါတယ်။ ခရီးသွားတွေအတွက်ကိုတော့ RDT Test kit တွေနဲ့ စစ်ဆေးပေးတာဖြစ်ပြီး ထိတွေ့မှု ပိုများနိုင်တဲ့ လေဆိပ်ဝန်ထမ်းတွေအတွက်ကိုတော့ PCR စနစ်နဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) NHL မှာ စစ်ပေးနေပါတယ်။ ခရီးသွားတွေကို ကိုဗစ်-၁၉ စစ်ဆေးဖို့ကတော့ အောင်မင်္ဂလာအဝေးပြေးက ဒေသန္တရ ကျန်းမာရေးဌာနနဲ့ ကျောက်တံတားမြို့နယ်က Tourist Burma အဆောက်အအုံမှာ  ကိုဗစ်-၁၉ ရောဂါ  ရှိမရှိ စစ်ပေးနေတာပါ။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူတွေကိုတော့ ရန်ကုန်တိုင်းမှာ ဖွင့်လှစ်ထားတဲ့ အောင်မြင့်မိုရ်ကုသရေးစင်တာနဲ့ လှိုင်ကုသရေးစင်တာတွေမှာ ဆေးကုသမှုပေးနေပါတယ်။ သတင်း-သင်းသင်းဇော် ဓာတ်ပုံ- MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024