ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
December 18, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို ကိုဗစ်-၁၉ စစ်ဆေးရာ ရဲတပ်သား တစ်ယောက် ပိုးတွေ့ရှိခဲ့ပါတယ်။
ကျောက်ဖြူမြို့မှာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမဲ့ ရဲတပ်ဖွဲ့ဝင်အခြားအဆင့်တွေနဲ့ မိသားစုအပါအဝင် စုစုပေါင်း လူ ၁၂၉ ယောက်ကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ဆေးစစ်ခဲ့တာပါ။
စစ်ဆေးရာမှာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဖြူ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကျော်ကျော်ဝင်းက ဒီဗွီဘီကို ပါတယ်။
“ ခရိုင်ရုံးက ၇ ယောက်စစ်တာမှာ တစ်ယောက်မှာ ပိုးတွေ့တာပေါ့၊ သူကရဲတပ်သားပါ။ သူနဲ့ဆက်စပ်သူတွေကိုတော့ ကွာရန်တင်းသွင်းထားတယ်။ သူမိန်းမရယ်။ သူကလေး နှစ် ယောက်ရယ်၊ တပ်ဖွဲ့ဝင်ကတော့ သုံးယောက် သူတို့ကိုကွာရန်တင်းသွင်းထားတယ်။ အခုစစ်တာကတော့ တပ်ရင်းတွေကလည်းပါတယ်။ တစ်ခြားကျောက်ဖြူမြို့နယ်က ပြောင်းတဲ့အဖွဲ့ရယ်၊ ခရိုင်ရုံးကပြောင်းတဲ့အဖွဲ့တွေရယ်”
အဆိုပါ ပိုးတွေ့ရဲတပ်သားကိုတော့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး သူနဲ့ဆက်စပ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ တပ်ဖွဲ့ဝင်အပါအဝင် ၆ ယောက်ကိုတော့ ကွာရန်တင်းထားရှိကာ အသွားအလာကန့်သတ်ထားပါတယ်။
နောင်နောင်