တရုတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  အသစ် ၁၂ ဦးတွေ့

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ကိုဗစ်-၁၉  ပြည်တွင်းကူးစက်သူ တစ်ဦးပါအဝင် အသစ်ကူးစက်သူ  ၁၂ ယောက် တွေ့ရှိတယ်လို့ အမျိုးသားကျန်းမာရေး ကော်မရှင်က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားပါတယ်။  ပြည်နယ်ပြင်ပက ဝင်လာတဲ့ အသစ်ကူးစက်သူ ၁၁ ယောက်မှာ ရှန်ဟိုင်းက ၄ ယောက်၊ ဂွမ်ဒေါင်းက ၄ ယောက်နဲ့  ရှန်းဇီး၊ ဟီနန်နဲ့ ယူနန်ပြည်နယ်တို့က တစ်ယောက်စီဖြစ်ပါတယ်။   ဒီဇင်ဘာ ၁၇ ရက်အထိ တရုတ်ပြည်မကြီးမှာ  ပြင်ပကဝင်လာတဲ့ ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ၄,၀၇၉ ယောက်ရှိပေမဲ့ သေဆုံးသူ မရှိပါဘူး။  အဲဒီထဲက ၃,၈၁၇ ယောက် ဆေးရုံက ဆင်းခဲ့ပြီး   ဆေးရုံတက်ဆဲ ၃,၈၁၇ ယောက်အနက် ရောဂါအခြေအနေဆိုးသူ  ၆ ယောက် ပါဝင်ပါတယ်။  ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်မကြီးမှာ ဒီဇင်ဘာ ၁၇ ရက်အထိ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၆,၇၈၉ ယောက် ရှိပြီး ၃၀၄  ယောက်က ကုသဆဲဖြစ်ကာ ရောဂါအခြေအနေ ဆိုးသူ ၈ ယောက် ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up