ကိုဗစ်လက္ခဏာမပြသေးသည့် ပြင်သစ်သမ္မတကတော်  သီးသန့်နေထိုင်

ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခွန်းမှာ ကိုဗစ်-၁၉ လက္ခဏာ မပြပေမဲ့  လက်ရှိမှာ  သီးသန့်ခွဲနေထိုင်တယ်လို့ သူရဲ့ ရုံးက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။  သမ္မတ မက်ခွန်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် မက်ခွန်းဟာ သီးခြားခွဲ နေထိုင်တယ်လို့  အစောပိုင်းမှာ သမ္မတနန်းတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။  ပြင်သစ်မှာ တစ်နိုင်ငံလုံးလော့ဒေါင်းကို ညမထွက်ရအမိန့်နဲ့ အစားထိုးပြီး ကိုဗစ်ဒုတိယလှိုင်း ထိန်းချုပ်ရေး အစီအမံတွေကို  ဖြေလျှော့ပြီး နှစ်ရက်အကြာ သမ္မတ မက်ခွန်းမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့ တာပါ။  နိုဝင်ဘာ ၂၁ ရက် နောက်ပိုင်း  ပိုးတွေ့ မှု အများဆုံး ဖြစ်တယ်လို့လည်း  ဒီဇင်ဘာ ၁၆ ရက် မှာ ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။  မကြာသေးခင်ရက်တွေက သမ္မတ မက်ခွန်းနဲ့ တွေ့ဆုံခဲ့တဲ့ အီးယူခေါင်းဆောင်တွေနဲ့ အကြီးတန်းအရာရှိတွေဟာလည်း သီးသန့်ခွဲနေရပါတော့တယ်။   သမ္မတ မက်ခွန်း ကိုဗစ် ကူးစက်ခံရတဲ့ကိစ္စမှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတာက  အကောင်းဆုံးပဲ ဆိုတာကို ပြသတယ်လို့လည်း ပြင်သစ် ဆရာဝန်တစ်ဦးက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up