သြစတြေးလျအိုးပင်းပြိုင်ပွဲကို ၃ ပတ် နောက်ဆုတ်

288
သြစတြေးလျအိုးပင်းပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါအခြေအနေအရ သီတင်း ၃ ပတ်ကြာ နောက်ဆုတ်ကျင်းပ သွားမှာဖြစ်ပါတယ်။
မူလက ဇန်နဝါရီ ၁၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ နိုင်ငံတွင်းမှာ လော့ဒေါင်းချထားတဲ့ ကာလဖြစ်နေတာကြောင့် ၃ ပတ်နောက်ဆုတ်ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ စတင် မှာဖြစ်ပါတယ်။
လာရောက်ယှဉ်ပြိုင်မယ့်ကစားသမားတွေအနေနဲ့ ကွာရင်တင်းဝင်ရမှာဖြစ်ပြီး လက်ရှိ ချန်ပီယံ ဂျိုကိုဗစ်ကိုလည်း သတိပေးထားပါတယ်။
ဂရင်းစလင်းပြိုင်ပွဲတွေထဲမှာ ဝင်ဘယ်တန်အိုးပင်းက ဖျက်သိမ်းခဲ့ပေမဲ့ ယူအက်စ်အိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေကိုတော့ ကန့်သတ်ချက်တွေနဲ့အတူ ကျင်းပနိုင်ခဲ့ပါတယ်။
သြစတြေးလျအိုးပင်းပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲစဉ်တွေကိုတော့ ဇန်နဝါရီ ၁၀ ရက်က နေ ၁၃ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပသွားမယ်လို့သိရပါတယ်။