A d v e r t i s e m e n t With Us

အန္တာတိကတိုက်တွင် မြေငလျင် အကြိမ် ၃၀,၀၀၀ ကျော်လှုပ်

အန္တာတိကတိုက်မှာ သြဂုတ်လကုန်ကတည်းက ခုချိန်အထိ မြေပြင်တုန်ခါမှု အကြိမ် ၃၀,၀၀၀ လှုပ်ခဲ့တယ်လို့  ချီလီတက္ကသိုလ် အမျိုးသာငလျင်ဗေဒဌာန သုတေသီတွေက ပြောပါတယ်။  ဝေးလံသီခေါင်ပြီး နှင်းတွေ ပြည့်နေတဲ့ အန္တာတိကတိုက်က ကျွန်းဆွယ်နဲ့ တောင်ပိုင်း ရှက်လန်းကျွန်းတွေကြားက မိုင် ၆၀ ကျယ်တဲ့ သမုဒ္ဒရာအတွင်း ဘရန်စ်ဖီးလ်ဒ် ရေလက်ကြားထဲမှာ ပြင်းအား ရစ်ချ်တာ စကေး ၆ ရှိတဲ့ ငလျင် တခု အပါအဝင် ငလျင်ငယ် တွေကို ထောက်လှမ်းနိုင်ခဲ့တယ်လို့ ငလျင်ဌာန သိပ္ပံပညာရှင်တွေက ပြောပါတယ်။  အဲဒီ ရေလက်ကြားနားမှာ ကမ္ဘာ့ ကျောက်လွှာချပ်ကြီးတွေနဲ့ ကျောက်လွှာချပ်ငယ်တွေ အတော်များများ စုဆုံကြလို့ မကြာခဏ ငလျင်လှုပ်နေတာပါ။  ဒါပေမဲ့ ကျန်ခဲ့တဲ့ ၃လအတွင်း မကြုံစဖူး ထူးခြားခဲ့တယ်လို့ ငလျင်ဌာနက ပြောပါတယ်။ ငလျင်လှုပ်လွန်းလို့ အရင်က တနှစ်ကို ၈ မီလီမီတာလောက် ပိုကျယ်လာနေတဲ့ ရေလက်ကြားဟာ ခုတော့ တနှစ်ကို ၁၅ စင်တီမီတာ ပိုကျယ်လာတယ်လို့လည်း ငလျင်ဌာနက ပြောပါတယ်။  “ဒါဟာ အဆ၂၀ ပိုတိုးလာ တာပါ။ ရှတ်လန်းကျွန်းတွေဟာလည်း အန္တာတိက ကျွန်းဆွယ်နဲ့ ပိုမြန်မြန် ဝေးလာတယ်” လို့ ငလျင် ဌာနရဲ့ ညွှန်မှူးက ပြောပါတယ်။  အန္တာတိက ကျွန်းဆွယ်ဟာ ကမ္ဘာ့အမြန်ဆုံး ပူနွေးလာတဲ့ နေရာတွေထဲက တခုပါ။ ရာသီဥတုပြောင်းလဲမှုက ဒီနေရာက ရေခဲမြစ်တွေနဲ့ ရေခဲတောင်တွေအပေါ် သက်ရောက်မှုကို သိပ္ပံပညာရှင်တွေက နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။  ငလျင်လှုပ်ရှားမှုတွေက ဝင်ရိုးစွန်းရေခဲတောင်တွေရဲ့ တည်ငြိမ်မှုအပေါ် ဘယ်လို သိသာတဲ့ သက်ရောက်မှုရှိလဲ ဆိုတဲ့ သက်သေတော့ မရှိသေးဘူးလို့ စန်တီယေဂိုတက္ကသိုလ် ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင် ရာအူးလ် ကော်ဒီရိုက ပြောပါတယ်။   

A d v e r t i s e m e n t With Us

More News
Up