ဘာလီကျွန်းတိုက်ခိုက်မှုတွင် ပါဝင်သည့် စစ်သွေးကြွများကို ဂျာကာတာသို့ လွှဲ

408
အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ၂၀၀၂ ဘာလီကျွန်း တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ စစ်ဦးစီးမှူး တယောက် အပါအဝင် အစ္စလာမစ်စစ်သွေးကြွ ၂၃ ယောက်ကို နောက်ထပ် စုံစမ်းစစ်ဆေးဖို့ မြို့တော် ဂျကာတာဆီ ဒီဇင်ဘာ ၁၆ ရက်က လွှဲပြောင်း ပေးလိုက်ပါတယ်။
အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွအုပ်စု ဂျမားအစ္စလာမီယာ အဖွဲ့ရဲ့ သက်တမ်းအရင့်ဆုံး အဖွဲ့ဝင်တွေထဲ တယောက်ဖြစ်သူ ဇူကာနာအန်ကို အင်ဒိုနီးရှားအနောက်ပိုင်း စူမားတြားကျွန်းပေါ်မှာ အရင်အပတ်က စီးနင်းမှု အတွင်း တခြားလူ ၂၂ ယောက် နဲ့အတူ ဖမ်းမိခဲ့တာပါ။
သူတို့ ဆိုကာနိုဟတ်တာနိုင်ငံတကာလေဆိပ်ကို ထောင်ဝတ်စုံ ကိုယ်စီနဲ့ ရောက်လာ အပြီးမှာ ရဲတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ဇူကာနာအန်ဟာ အင်ဒိုနီးရှားအတွက်ရော နိုင်ငံတကာအတွက်ပါ အင်မတန် အန္တရာယ်များတဲ့ လူလို့လည်း ရဲက ပြောပါတယ်။
သူဟာ လူ ၁၂ ယောက် သေဆုံးခဲ့ရတဲ့ ဂျကာတာမြို့တော်က ၂၀၀၃ ခုနှစ် မာရီယော့တ် ဟိုတယ် ဗုံးခွဲမှုနဲ့ လူ ၂၀၂ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၀၂ ခုနှစ် ဘာလီကျွန်း ဗုံးခွဲမှုတွေအတွက် ဗုံးလုပ်ရာမှာ ပါဝင်သူအဖြစ် ယုံကြည် ထားပါတယ်။
ဂျမားအစ္စလာမီယာကတော့ အရှေ့တောင်အာရှမှာ အစ္စလာမစ် ဘာသာရေးဆရာက အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ ထူထောင်ဖို့ ရည်မှန်းထားကြောင်း အခိုင်အမာ ကြေညာထားပါတယ်။
ဂျကာတာက စုံစမ်းစစ်ဆေးရေးမှာ ဇူကာနေအန်ကို ဝှက်ထားဖို့ ကူညီပေးခဲ့တဲ့ ကွန်ရက် အားလုံးကို ခြေရာခံဖို့ ရည်မှန်းထားတယ်လို့ ရဲတပ်ဖွဲ့ ပြန်ကြားရေး ရဲအရာရှိ အဲ့စ်ဝင်း စီရေဂါက သတင်းထောက်တွေကို ပြောပါတယ်။