ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
December 17, 2020
ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးဖို့ ဒီကနေ့မနက်က ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးမှာ ကိုစိုးပိုင်ဆိုသူက တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုပါတယ်။
မဲမသမာမှုကို ဝိုင်းဝန်းစုံစမ်းဖော်ထုတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသော ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရေး၊ တရားမျှတမှုမရှိသောရွေးကောက်ပွဲရလဒ်အလိုမရှိ၊ မဲလိမ်မဲခိုးဖြစ်ရပ်များ ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ဆန့်ကျင်ကြ ဆိုတဲ့ အချက် ၅ ချက်ပါ ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဆိုပါဆန္ဒပြပွဲကို လာရောက်ဝန်းရံသူ အယောက် ၁၀၀ လောက်ရှိပါတယ်။
Photo - Ye Myo Khant / MPA