A d v e r t i s e m e n t With Us

နယူးဇီလန်ရှိ စောင့်ရှောက်ရေးဂေဟာများ၌ ကလေးသူငယ်များ ညှဉ်းပန်းနှိပ်စက်ခံနေရ 

ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း  နယူးဇီလန်နိုင်ငံထဲက စောင့်ရှောက်ရေးဂေဟာတွေမှာ ကလေးတွေ၊ လူငယ်တွေနဲ့ အားနည်းချက်ရှိတဲ့ အရွယ်ရောက်ပြီးသူ ၂၅၆,၀၀၀ လောက်အထိ နှိပ်စက်ညှဉ်းပန်းတာ၊ အလွဲသုံးစားလုပ်တာ ခံခဲ့ကြရတယ်လို့ ပြည်သူ့စစ်တမ်းတရပ် ဒီဇင်ဘာ ၁၆ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။ အစိုးရ စောင့်ရှောက်ခံ ကလေးတွေ သမိုင်းဝင် အလွဲသုံးစားလုပ်ခံရမှုကို တော်ဝင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဖော်ထုတ်ပြီး ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ ၁၉၅၀ ကနေ ၂၀၁၉ ခုနှစ်ကြားမှာ လူ ၂ သိန်းခွဲကျော် အလွဲသုံးစား လုပ်ခံခဲ့ရတယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ ဒီပမာဏဟာ အဲဒီကာလက စောင့်ရှောက်ရေးဂေဟာမှာ နေခဲ့ရတဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ စောင့်ရှောက်ရေးဂေဟာမှာ နေရတဲ့ လူဦးရေဟာ အစိုးရက ခန့်မှန်းထားတဲ့ ပမာဏထက် ၆ ဆ ပိုများနေတာကို အစီရင်ခံစာက တွေ့ရှိခဲ့ပါတယ်။ “နယူးဇီလန်မှာ သုတေသန ကင်းမဲ့တာဟာ အလွဲသုံးစားမှု စံတွေကို ခြွင်းချန်ပြီး လျစ်လျူရှု ထားတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ဒါကြောင့် တကယ့် ကိန်းဂဏန်းတွေက သိသိသာသာ ပိုမြင့်လာနိုင်တယ်” လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ တိုင်းရင်းသား မာအိုရိ ကလေးငယ်တွေဟာ ဒုက္ခအခံရဆုံး ဖြစ်နိုင်တယ်လို့ အစီရင်ခံစာက သုံးသပ် ထားပါတယ်။ စောင့်ရှောက်ရေးဂေဟာတွေမှာ အလွဲသုံးစားလုပ်ခံရတဲ့ ကလေး ၈၁ ရာခိုင်နှုန်းနဲ့ ဂေဟာမှာ နေရတဲ့ ကလေး ၆၉ ရာခိုင်နှုန်းဟာ မာအိုရိ တိုင်းရင်းသား ကလေးငယ်တွေ ဖြစ်တယ်လို့ အစီရင်ခံစာကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up