သံတွဲက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
အေးနိုင်
·
August 26, 2013
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ဒီကနေ့ နေ့ခင်းပိုင်းက ကျင်းပနေတယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပြပါတယ်။
မွတ်စလင်တွေရဲ့ လူနေအိမ်ခြေတချို့ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာထားစဉ်မှာ ကျေးရွာတွေကနေ တက်ရောက်လာသူတွေ များပြားတာကြောင့် သံတွဲဒေသခံ မွတ်စလင်တချို့က စိုးရိမ်ပူပန်မှု ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဦးထွန်းဝေက မနေ့တုန်းက သံတွဲမှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ သွေးစည်းညီညွတ်ရေးအစည်းအဝေးမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်လို့ ပြောပါတယ်။
သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို နေ့ခင်း ၂ နာရီခွဲမှာ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။