A d v e r t i s e m e n t With Us

ပြင်သစ်လုံခြုံရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

ပြင်သစ်နိုင်ငံ နန်းတက်စ်မြို့မှာ ဒီဇင်ဘာ ၁၅ ရက်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့တွေ၊  ရေအမြောက်တွေနဲ့ ပစ်ခတ်လူစုခွဲလို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အငြင်းပွားစရာ ဖြစ်နေတဲ့ လုံခြုံရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြတဲ့ အုပ်စုတစုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေနဲ့ ယဉ်ကျေးမှုနယ်ပယ်က လုပ်သားတွေပါတဲ့ ဆန္ဒပြအုပ်စုဟာ မြို့ထဲမှာ ချီတက်ခဲ့ကြတာပါ။ ပြင်သစ်မှာ လုံခြုံရေးအတွက် စောင့်ကြည့်ရေးကိရိယာတွေ တိုးမြှင့်တပ်ဆင်ဖို့နဲ့ မီဒီယာနဲ့ အွန်လိုင်းမှာ ရဲအရာရှိတွေရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေတဲ့အပေါ် အခွင့်အရေး ကန့်သတ်မှုတွေ တိုးလုပ်တဲ့ လုံခြုံရေးဥပဒေကို အစိုးရက လွှတ်တော်မှာ တင်ပြခဲ့ပြီးနောက် လမ်းပေါ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းရဲ့ လက်ရှိ အာဏာရပါတီကတော့ ဒီဥပဒေကို ပြန်ပြင်ရေးမယ်လို့ လတ်တလောမှာ ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up