Home
မြန်မာသတင်း
ကချင်ပြည်နယ်ကို လာမည့် ရန်ကုန်နှင့် မန္တလေးက လေယာဉ်စီးခရီးသည်များ ကွာရန်တင်းဝင်ရမည်
DVB
·
December 15, 2020
ရန်ကုန်နဲ့ မန္တလေးမြို့တွေကနေ ကချင်ပြည်နယ်ကို လေယာဉ်စီးပြီး လာမယ့်ခရီးသည်တွေ Facility Quarantine ၇ ရက် ဝင်ရမယ်လို့ ​သိရပါတယ်။ မြစ်ကြီးနားလေဆိပ်မှ လေကြောင်းထိန်းမန်နေဂျာ ဦးစောနွဲ့ဖဟိန်းစေက “ရန်ကုန်နဲ့ မန္တလေးကနေ မြစ်ကြီးနားကို လာရင်တော့ ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်လည်းပါရမယ်။ မြစ်ကြီးနားကိုရောက်ရင် Facility Quarantine ၇ ရက်ကို သတ်မှတ်ထားတဲ့နေရာမှာ ဝင်ရင်ဝင် Hotel ကွာရန်တင်းဝင်လည်း ရတယ်။ အဲဒီလို ဝင်ပြီးမှ ကချင်ပြည်နယ်ထဲက ခရီးသည်သွားချင်တဲ့မြို့ကို ပြန်သွားပေါ့။ မြစ်ကြီးနားကနေ တခြားမြို့ကိုသွားရင် ကွာရန်တင်းဝင်စရာမလိုဘူး။ ဒါပေမဲ့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးမှာ ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် ပါရမယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားလေဆိပ်မှာပျံသန်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေထဲက  မြန်မာအမျိုးသားလေကြောင်းလိုင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မြစ်ကြီးနား၊ ပူတာအိုတို့ကို အသွားအပြန်ခရီးစဉ် ပြေးဆွဲပေးမှာဖြစ်ကာ အဲကမ္ဘောဇလေကြောင်းလိုင်းကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ပြေးဆွဲပေးမှာဖြစ်ကာ ရန်ကုန်၊ မြစ်ကြီးနား၊ ရန်ကုန်တို့ကို အသွားအပြန်ပြေးဆွဲပေးပြီး နောက်ပိုင်းမှာမန္တလေးမြို့ကိုလည်း အသွားအပြန် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မြစ်ကြီးနားလေဆိပ်မှာ အရင်က လေကြောင်းလိုင်းစုစုပေါင်း ၅ လိုင်းရှိပြီး အခု ၂ လိုင်းသာ ပြန်လည်ပြေးဆွဲပေးမယ်လို့သိရပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းက လေကြောင်းခရီးစဉ်တွေ ယာယီရပ်နားထားခဲ့ရတာပါ။ သတင်း - မီးမီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024