ချန်ပီယံလိဂ်တွင် ဘာစီလိုနာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ပြန်လည်ရင်ဆိုင်ရမည်

299
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေ မဲခွဲပွဲကို မနေ့က ကျင်းပခဲ့ရာမှာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။
၂၀၁၇ ခုနှစ်က ပထမအကျော့မှာ ဘာစီလိုနာက ပီအက်စ်ဂျီကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ခဲ့ဖူးပါတယ်။
လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်က အီတလီကလပ် လာဇီယိုနဲ့ တွေ့ဆုံခဲ့ပြီး လီဗာပူးနဲ့ လိုက်ဇစ်တို့ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ အက်တလန္တာ၊ အက်သလက်တီကိုနဲ့ ချဲလ်ဆီးတို့ တွေ့ဆုံခဲ့ပါတယ်။
မန်စီးတီးက မိုချန်ဂလာဘက်၊ အီတလီချန်ပီယံ ဂျူဗင်တပ်စ်က ပေါ်တိုအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပထမအကျော့ပွဲစဉ်တွေကို လာမယ့်ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။