A d v e r t i s e m e n t With Us

ယူရိုပါလိဂ်တွင် ဆိုစီဒက်နှင့် မန်ယူအသင်း ထိပ်တိုက်တွေ့ဆုံ

ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲခွဲပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့ရမှာ မန်ယူအသင်းက လာလီဂါမှာ အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဆိုစီဒက်နဲ့ တွေ့ဆုံခဲ့ပါတယ်။  ချန်ပီယံလိဂ်မှာ အုပ်စုတတိယသာ ရခဲ့လို့ ယူရိုပါလိဂ်ဆီ ဆင်းကန်ရမယ့် မန်ယူအသင်းဟာ ခြေစွမ်းကောင်းမွန်နေတဲ့ ဆိုစီဒက်နဲ့ ဆုံခဲ့လို့ ပွဲကျပ်သွားခဲ့ရတာပါ။  ဆိုစီဒက်က မန်စီးတီးကွင်းလယ်လူဟောင်း ဒေးဗစ်ဆေးလ်ဗားဟာလည်း ဒါဘီပြိုင်ဘက်ဟောင်း မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ အာဆင်နယ်က ပေါ်တူဂီလိဂ် အဆင့် ၂ က ဘင်ဖီကာနဲ့ တွေ့ဆုံခဲ့ပြီး စပါးက သြစတြီးယားကလပ် ဝုဗ်ဘာဂါ၊ လက်စတာက ချက်ကလပ် ဆလားဗီးယာပရက်နဲ့ တွေ့ဆုံခဲ့ပါတယ်။  တခြားပွဲစဉ်တွေမှာတော့ ရိုးမားနဲ့ ဘရာဂါ၊ ဇာဗက်ဒါနဲ့ အေစီမီလန်၊ လိုင်လီနဲ့ အေဂျက်ဇ်တို့ တွေ့ဆုံပါတယ်။  ဒါ့အပြင် နာပိုလီနဲ့ ဂရန်နာဒါ၊ ဆဲလ်ဘက်နဲ့ ဗီလာရီးယဲလ်၊ ယန်းဘွိုင်းစ်နဲ့ လေဗာကူဆင်တို့လည်း ထိပ်တိုက်ဆုံခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up