နယူးယောက်တွင် အထူးကြပ်မတ်ဆောင်သူနာပြု ၁ ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး ထိုးနှံခံ

427
နယူးယောက်မြို့က အထူးကြပ်မတ်ကုသဆောင်သူနာပြုတစ်ဦးဟာ ဒီဇင်ဘာ ၁၄ ရက်က ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံခဲ့ပါတယ်။
လောင်းအိုင်လန်ဂျူးဆေးရုံမှာ ဆန်ဒရာလင်ဆေး ဆိုသူ ICU သူနာပြုကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီး အွန်လိုင်းက တိုက်ရိုက်လွှင့်တဲ့ ကာကွယ်ဆေးထိုးနှံမှုကို နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံခံသူ လင်ဆေးက “ဒီကာကွယ်ဆေးထိုးနှံတာက သမိုင်းမှာ သိပ်ကို ထိခိုက်နာကျင်ရတဲ့ကာလ အဆုံးသတ်မယ့် နိဒါန်းပဲ။ ဒီကာကွယ်ဆေး ဘေးကင်းတယ်ဆိုတာကို အများပြည်သူတွေကို ယုံကြည်စေလိုတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကစလို့ ပထမဆုံးအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၉ သန်းကို အမေရိကန် နိုင်ငံတဝန်းက ဖြန့်ချိရေးစင်တာတွေဆီ စတင်ပို့ဆောင်ပေးနေပါတယ်။
ဒါဟာ အမေရိကန်မှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို မှတ်တမ်းတင်ပြီး ၁၁ လ အကြာမှာ ဖြစ်လာတာပါ။
ဒီဇင်ဘာလ ၁၄ ရက်အထိ အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆ သန်းကျော်နဲ့ သေဆုံးသူ ၃ သိန်းနီးပါး ရှိလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။