စီးပွားရေး တိုးတက်ရန် အိုဟောင်းနေသည့်လေကြောင်းလိုင်းလုပ်ငန်းများ ပြင်ဆင်

A fully converted freighter Airbus A321 is pictured at an ST Engineering hangar in Singapore December 2, 2020. REUTERS/Edgar Su
451
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း အဲရ်ကနေဒါ လေကြောင်းလိုင်းကနေ တရုတ်ရဲ့ CDB လေကြောင်းလိုင်းအထိ လေကြောင်းလိုင်းလုပ်ငန်းတွေဟာ သူတို့ရဲ့ ပိုအိုဟောင်းနေတဲ့ ခရီးသည်တင်လေယာဉ်တွေကို ကုန်တင်လေယာဉ်ဖြစ်အောင် အသွင်ပြောင်းရင်း အီလက်ထရောနစ် စီးပွားရေး တိုးတက်လာဖို့ ပြင်ဆင်နေကြပါတယ်။
ဒါကြောင့် ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ် ဖြစ်အောင် အသွင်ပြောင်းတဲ့ စင်ကာပူနည်းပညာ အင်ဂျင်နီယားရင်း (ST)၊ အစ္စရေး အဲရိုစပေ့လုပ်ငန်း (IAI) နဲ့ အမေရိကန် အခြေစိုက် အဲရိုနောတစ်ကယ် အင်ဂျင်နီယာလုပ်ငန်းကြီးတွေ အပါအဝင် ကုမ္ပဏီတွေအတွက် အခွင့်အရေးကြီး ဖြစ်လာတာပါ။
ကုမ္ပဏီကတော့ လုပ်နိုင်စွမ်းကို တိုးချဲ့နေပြီး လာမယ့်နှစ်ကစလို့ 18 A321 အမျိုးအစား လေယာဉ်တွေကိုပါ တနှစ်ကို အစီး ၃၀ လောက်ထိ အသွင်ပြောင်းဖို့ စီစဉ်နေပါတယ်။
IAI ကတော့ ဘိုးရင်း 767 လေယာဉ်တွေ တနှစ်ကို စီးရေး ၁၈ စီးထက်ပိုပြီး ခရီးသည်တင် လေယာဉ်အဖြစ်ကနေ ကုန်တင်လေယာဉ် ဖြစ်အောင် ပြောင်းနိုင်ပါတယ်။
လေယာဉ်အများစုကို အမေဇုံကုမ္ပဏီက သုံးမယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
စက်တင်ဘာလထိ ကုန်တင်လေယာဉ် ထုတ်လုပ်နှုန်း ၄၀ ရာခိုင်နှုန်း တက်လာခဲ့ပြီး လာမယ့် နှစ် ၂၀ အတွင်း ကုန်တင်လေယာဉ်သုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ၆၀ ရာခိုင်နှုန်းကျော် ပိုတိုးလာမယ်လို့ ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းက ဟောကိန်းထုတ် ပြောပါတယ်။