Live
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၁၂၇ ဦးတွင် ရန်ကုန်က ၅၁၉ ဦး၊ မန္တလေးက ၂၆၄ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 14, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၅၁၉ ယောက်၊ မန္တလေးတိုင်းက ၂၆၄ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၄ နာရီခွဲ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၅၈ ယောက်၊ မင်္ဂလာဒုံက ၅၂ ယောက်၊ သာကေသ ၄၈ ယောက်၊ ရွှေပြည်သာ ၃၁ ယောက်၊ သင်္ဃန်းကျွန်း ၂၉ ယောက် စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း  မြို့နယ် ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။        တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ ခုမှာ ၂၆၄ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၁၀ ခုမှာ ၁၁၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၂ ခုမှာ ၇၆ ယောက်၊ မကွေးတိုင်း မြို့နယ် ၁၂ ခုမှာ ၅၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၂၇ ယောက်၊  ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၆ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၁၆ ယောက်၊  မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၄ ယောက်၊  ရှမ်းပြည်နယ်မြို့နယ် ၇ ခုမှာ ၁၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၉ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၄ ယောက်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ၂ ယောက် စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။        ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၆၆ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၁၀၈,၃၄၂ ယောက်၊ သေဆုံးသူ ၂,၂၆၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၆,၇၉၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၂ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၅၀ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - တောင်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ကုသဆောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024