နယူးဇီလန်နှင့် ဩစတြေးလျ ရောဂါခြေချုပ်ကင်းမဲ့ ခရီးသွားလုပ်ငန်းစတင်ရန် သဘောတူ

329
နယူးဇီလန်နဲ့ သြစတြေးလျ နှစ်နိုင်ငံကြား ရောဂါခြေချုပ်ကင်းမဲ့ ခရီးသွားလုပ်ငန်းကို ၂၀၂၁ ပထမ ၃ လပတ်မှာ စတင်ခွင့်ပြုဖို့ ဒီဇင်ဘာ ၁၄ ရက်မှာ သဘောတူလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကနေ ကာကွယ်ဖို့ နယ်စပ်တွေကို ပိတ်ထားအပြီး ၁ နှစ်နီးပါးအကြာမှာ ပြန်ဖွင့်ဖို့ စီစဉ်နေတာပါ။
နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က “အစိုးရအဖွဲ့ဟာ တက်စ်မေးနီးယား ဖြတ်ကျော် ရောဂါခြေချုပ်ကင်းမဲ့ ခရီးသွားနိုင်ရေးအတွက် စည်းမျဉ်းတွေကို သြစတြေးလျ အစိုးရအဖွဲ့ အတည်ပြုချက်နဲ့ သဘောတူခဲ့ပြီးပြီ။ သိသာတဲ့ အပြောင်းအလဲက အိမ်နီးချင်းနိုင်ငံ နှစ်ဘက်စလုံးမှာ မရှိဘူး” လို့ ပြောပါတယ်။
နယူးဇီလန်နိုင်ငံဟာ ၁ နှစ်ပတ်လုံးနီးပါး နိုင်ငံခြားသားတွေ အားလုံးကို နယ်စပ်တွေကနေ မဝင်ရအောင် ပိတ်ထားပြီး တင်းကျပ်တဲ့ အသွားအလာပိတ်ဆို့ ကန့်သတ်ချက်ကို အကောင်အထည်ဖော်ခဲ့လို့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မရှိတော့သလောက် ဖြစ်နေတာ ကြာပါပြီ။
နယူးဇီလန် ဝန်ကြီးချုပ်က “ဘေးကင်းကင်း ခရီးသွားနိုင်တာ သေချာအောင် ပိုအလုပ်လုပ်ဖို့ လိုသေးတယ်။ နယူးဇီလန်ဟာ လေကြောင်းလိုင်း ဝန်ထမ်းတွေကို စီမံခန့်ခွဲရေး၊ ခရီးသည်တွေကို တခြားလူတွေနဲ့ သီးခြားခွဲထားရေး စတဲ့ အစီအစဉ်တွေကို အပြီးသတ် လုပ်ဆောင်မယ်” လို့လည်း ပြောပါတယ်။
သြစတြေးလျ အစိုးရဟာလည်း ကပ်ဘေးအစောပိုင်းကတည်းက သူ့ရဲ့ နိုင်ငံတကာ နယ်စပ်တွေကို ပိတ်ထားခဲ့တာပါ။
သြစတြေးလျ နိုင်ငံသားတွေကိုသာ ကိုယ့်နိုင်ငံကိုယ် ပြန်ခွင့်ပေးထားတာဖြစ်ပြီး အခုတော့ နယူးဇီလန် နိုင်ငံသားတွေကလွဲလို့ တခြားသူတွေကို ဝင်ခွင့်မပေးသေးပါဘူး။