Homeမြန်မာသတင်း
ကျောင်းပိတ်ချိန် ကျောင်းသားများ အွန်လိုင်းမှ စာသင်ရန် ကြိုးစားသော်လည်း အဆင်မပြေမှုများရှိနေ
ကျောင်းပိတ်ချိန် ကျောင်းသားများ အွန်လိုင်းမှ စာသင်ရန် ကြိုးစားသော်လည်း အဆင်မပြေမှုများရှိနေ
DVB
·
December 14, 2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားချိန်မှာ ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ စာသင်ကြားဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ဘူးလို့ ကျောင်းသားတချို့က ပြောပါတယ်။
ကျောင်းပိတ်ထားချိန်မှာ အွန်လိုင်းကနေ ပညာသင်ယူနေကြတဲ့ ကျောင်းသူ ကျောင်းသားတချို့ရှိပေမဲ့ အွန်လိုင်းကနေ သင်ကြားရာမှာ အခက်အခဲရှိလို့ နီးစပ်ရာ အသိ ဆရာ၊ ဆရာမတွေနဲ့ အပြင်မှာ စာလေ့လာတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။
ပုံမှန်ဆိုရင် ဒီလိုအချိန်ကာလဟာ အတန်းတင်စာမေးပွဲကြီးဖြေရမယ့် အချိန်နီးလာလို့ ကျောင်းသားတွေ စိတ်လှုပ်ရှားနေကြတဲ့ ကာလဖြစ်ပေမယ့် အခုတော့ ကျောင်းတွေ ပိတ်ထားရတဲ့အတွက် အသက်တစ်နှစ်ကြီးသွားပြီး အတန်းနစ်နာတယ်လို့လည်း ကျောင်းသားတချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာပြီးနောက် တနိုင်ငံလုံးက အခြေခံပညာကျောင်းတွေကို သြဂုတ် ၂၇ ရက်နေ့ကစပြီး ယာယီရပ်နားခဲ့တာပါ။ ဇူလိုင်လကစပြီး အထက်တန်းကျောင်းတွေ ပြန်ဖွင့်လှစ်ခဲ့ပေမယ့် တကျော့ပြန်ကူးစက်မှုကြောင့် ပြန်လည်ရပ်နားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံပညာ အထက်တန်းကျောင်း ၇,၀၀၀ ကျော်ကို ယာယီပိတ်ထားတာ သုံးလကျော် ရှိသွားပြီဖြစ်ပါတယ်။ ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ ပုဂ္ဂိလိက စာသင်ကျောင်းတချို့နဲ့ နိုင်ငံတကာ ကျောင်းတွေက ပိတ်ထားတာမရှိဘဲ ကျောင်းသား ကျောင်းသူတွေကို နေအိမ်ကနေ အွန်လိုင်းစနစ်နဲ့ သင်ကြားပေးနေပါတယ်။
သတင်း - လွင်မိုးအောင်၊ မေစပယ်ဖူး၊ ပြည့်ဖြိုးကိုကို