မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၂၄ ဦး ထပ်မံတွေ့ရှိ၊ လူနာ စုစုပေါင်း ၁၈၈၂ ဦး ရှိလာ
DVB
·
December 14, 2020
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လူနာ စုစုပေါင်း ၁၈၈၂ ဦး ရှိလာပြီလို့ တိုင်းကျန်းမာရေးက ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခွဲက ထုတ်ပြန်ပါတယ်။
RDT Test Kit နဲ့ ၂၃ ဦး၊ NHL နဲ့ ၁ ဦး၊ အတည်ပြုလူနာသစ် ၂၄ ဦး တွေ့ရှိခဲ့တာပါ။ အတည်ပြုလူနာတွေကတော့ မကွေး ၄ ဦး၊ နတ်မောက် ၃ ဦး၊ အောင်လံ ၁၇ ဦး၊ စလင်း ၁ ဦးတို့ ဖြစ်ပါတယ်။
အတည်ပြုလူနာ ၂၂ ဦးက ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေ ဖြစ်ပြီး မကွေးက ၂ ဦး အနံ့ပျောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်းမှာ ဒီဇင်ဘာ ၁၃ ရက်ညအထိ အတည်ပြုလူနာ ၁၈၈၂ ဦး၊ သေဆုံးသူ ၄ ဦး ရှိပြီလို့ သိရပါတယ်။
မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မကွေးသင်ကြားရေးဆေးရုံကြီး