ပြင်စလူမြို့တွင် အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 14, 2020
ဧရာဝတီတိုင်း၊ ပြင်စလူမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၀၂ မိနစ်၊ စက္ကန့် ၄၀ အချိန်က ပြင်စလူမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၅.၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၈၄ ဒီဂရီ၊ အနက်ကီလိုမီတာ ၈၀ ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။