Home
မြန်မာသတင်း
ကိုဗစ်လူနာသစ်  ၁,၃၅၂ ဦးတွင် ရန်ကုန်က ၆၀၃ ဦး၊ မန္တလေးက ၃၅၂ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 13, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁,၃၅၂ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၆၀၃ ယောက်၊ မန္တလေးတိုင်းက ၃၅၂ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၆ နာရီ ၁၅ မိနစ် ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံ ၅၆ ယောက်၊ ရွှေပြည်သာ ၅၂ ယောက်၊ မရမ်းကုန်း ၃၆ ယောက်၊ သင်္ဃန်းကျွန်းနဲ့ မှော်ဘီ ၃၅ ယောက် စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း  မြို့နယ် ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၂ ခုမှာ ၃၅၂ ယောက်၊ မကွေးတိုင်း မြို့နယ် ၁၈ ခုမှာ ၁၀၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၆၈ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၅၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ ၄၃ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၃၃ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှာ ၂၄ ယောက်၊  ရှမ်းပြည်နယ်မြို့နယ် ၆ ခုမှာ ၁၅ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၁၅ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၁၄ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၁ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၃ ခုမှာ ၁၀ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၄ ယောက်၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၀၂ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၁၀၇,၂၁၅ ယောက်၊ သေဆုံးသူ ၂,၂၄၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၅,၄၀၆  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၂ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  သန်း ၅၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - မန္တလေးမြို့၊ ဧရာဝတီစင်တာ ကိုဗစ်-၁၉ အထူးကြပ်မတ် ကုသဆောင် (ICU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024