Home
မြန်မာသတင်း
မကွေးတိုင်းတွင် အတည်ပြုလူနာ အယောက် ၆၀ ထပ်မံတွေ့ရှိ
DVB
·
December 13, 2020
မကွေးတိုင်းဒေသကြီးမှာ မနေ့ညနဲ့ ဒီနေ့မနက် ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၆၀ ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မနေ့ညက အတည်ပြုလူနာသစ် ၅၄ ဦး တွေ့ရှိခဲ့ပြီး တောင်တွင်းကြီး ၇ ဦး၊ ဂန့်ဂေါနဲ့ မြိုင်မြို့နယ်တို့မှာ ၁ ဦးစီ၊ ပွင့်ဖြူ ၄ ဦး၊ ရေနံချောင်း ၂ ဦး၊ မင်းဘူး ၁ ဦး၊ ပခုက္ကူ ၅ ဦး၊ နတ်မောက် ၉ ဦး၊ ချောက် ၁ ဦး၊ မြို့သစ် ၆ ဦး၊ စလင်း ၁၀ ဦး၊  မကွေး ၇ ဦးတို့ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နတ်မောက် ၂ ဦး၊ မြိုင်၊ ပခုက္ကူ ချောက်နဲ့ မကွေးမြို့တို့မှာ ၁ ဦးစီ တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာများအနက် မင်းဘူးက ၁ ဦး၊ စလင်း ၈ ဦး နဲ့ မကွေးမှ ၂ ဦးနဲ့ နတ်မောက်က ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့  ထိတွေ့မှုရှိသောကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး ကျန်သူတွေက  ကွာရန်တင်းစင်တာတွေက ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၂၇ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် Mask စနစ်တကျ အသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024