ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်း စတင်ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့စတင် ဆွေးနွေးခဲ့ကြပြီး၊ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ ဦးရဲ့ ဆွေးနွေးချက်တွေကို ဩဂုတ် ၂၄၊ ၂၅ ရက်တွေမှာ ဥပဒေကြမ်းကော်မတီက ကြားနာပြီး အပြီးသတ်သဘောတူညီချက်ကို ဩဂုတ် ၂၆ ရက်နေ့ လွှတ်တော်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ အမျိုးသားလွှတ်တော်က  ဥပဒေကြမ်းကို အတည်ပြုဖို့ ရှိတယ်လို့ ပဲခူးတိုင်း အမျိုးသားလွှတ်တော်အမတ် ဦးမင်းဦးက ပြောပါတယ်။

More News
Up