A d v e r t i s e m e n t With Us

ရာသီဥတု အရေးပေါ်အခြေအနေ ကြေညာရန် ကမ္ဘာ့နိုင်ငံများကို ကုလ တိုက်တွန်း

ကမ္ဘာကြီး ပူနွေးလာတဲ့ ကပ်ဆိုးကြီးကို ရှောင်ရှားဖို့ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေဟာ ရာသီဥတု အရေးပေါ် အခြေအနေ ကြေညာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတားရဲ့စ်က တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင် ၇၀ ကျော် တက်ရောက်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ကျင်းပတဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံအတွင်းမှာ ဂုတားရဲ့စ်က “ကျနော်တို့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာကို တယောက်ယောက်များ ငြင်းနိုင်မလား။ ဒါကြောင့် ကျနော်က ခေါင်းဆောင် အားလုံးကို သူတို့နိုင်ငံတွေမှာ ကာဗွန်မျှခြေကို ရောက်တဲ့အထိ ရာသီဥတု အရေးပေါ် အခြေအနေ ကြေညာဖို့ ဆော်သြနေတာပါ” လို့  ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအစဉ်တွေဟာ ကာဗွန်ထုတ်လွှတ်မှု ပိုနည်းတဲ့ အနာဂတ်ဆီ အသွင်ကူးပြောင်းရေး အရှိန်မြှင့်ဖို့ အခွင့်အရေးကို ပေးနေတယ်လို့လည်း ဂုတားရဲ့စ်က ပြောပါတယ်။ ဒါပေမဲ့ လုံလောက်အောင် မြန်မြန်ဖြစ်နေတာတော့ မဟုတ်ဘူးလို့ သူက သတိပေးပါတယ်။ အစိမ်းရောင်တော်လှန်ရေးဟာ ကမ္ဘာတလွှား သန်းချီတဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ သံတမန်တွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့ဆီက ပိုပြီး သိသိသာသာ အားကောင်းတဲ့ ရာသီဥတုဆိုင်ရာ ကတိကဝတ် အရိပ်လက္ခဏာပါတဲ့ မိန့်ခွန်းတွေကို စောင့်နေကြတာပါ။ တရုတ်ဟာ ၂၀၆၀ မှာ ကာဗွန်ပါတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိတဲ့နိုင်ငံ ဖြစ်အောင် လုပ်မယ့် သူ့ပန်းတိုင်ကို ကြေညာခဲ့လို့ လေ့လာစောင့်ကြည့်သူ အများအပြား အံ့အားသင့်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up