ကိုဗစ်လူနာသစ် ၁,၃၇၆ ဦးတွင် ရန်ကုန်က ၇၈၅ ဦး၊ မန္တလေးက ၂၈၄ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 12, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၇၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၇၈၅ ယောက်၊ မန္တလေးတိုင်းက ၂၈၄ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၆ နာရီ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၁၀၇ ယောက်၊ မှော်ဘီ ၆၉ ယောက်၊ တောင်ဒဂုံ ၄၆ ယောက်၊ သင်္ဃန်းကျွန်း ၄၄ ယောက်၊ လှိုင်သာယာ ၃၇ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၂ ခုပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၂၈၄ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၈၈ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၁၄ ခုမှာ ၄၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၃၂ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၈ ခုမှာ ၃၂ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ အယောက် ၃၀၊ မကွေးတိုင်း မြို့နယ် ၈ ခုမှာ ၂၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၆ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၈ ယောက်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ၈ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၈ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၇၉ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၅,၈၆၃ ယောက်၊ သေဆုံးသူ ၂,၂၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၄,၃၃၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၀ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၉ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်