Live
Home
မြန်မာသတင်း
ကိုဗစ်ကြောင့် လူမှုစီးပွားထိခိုက်မှုများ ကုစားရန် ချေးငွေကန်ဒေါ်လာ သန်း ၃၅၀ သုံးစွဲခဲ့
DVB
·
December 12, 2020
ကိုဗစ်ကြောင့် လူမှုစီးပွားထိခိုက်တာတွေကို ကုစားဖို့ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၃၅၀ သုံးစွဲခဲ့ပြီးပြီလို့ စီမံကိန်း၊   ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တာဝန်ရှိသူတွေနဲ့ မနေ့ကတွေ့ဆုံရာမှာ ပြောခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်တာတွေကို ကုစားနိုင်ရေးအတွက် IMF ကနေ Rapid Credit Facility (RCF)နဲ့Rapid Financing  Instrument (RFI) အစီအစဉ်တွေနဲ့ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၇၀၀ ပံ့ပိုးထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီချေးငွေထဲက ပထမအသုတ် သန်း ၃၅၀ ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲခဲ့ပြီးဖြစ်လို့ ဒုတိယအသုတ်အဖြစ် အမေရိကန်ဒေါ်လာသန်း  ၃၅၀  ကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ဆက်လက် သုံးစွဲနိုင်ရေးအတွက် Letter of Intent နဲ့ MoU တို့ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေက ပြောပါတယ်။ ဒီချေးငွေတွေကို ကိုဗစ်-၁၉ နဲ့ ဆက်စပ်အသုံးစရိတ်တွေမှာ ထိထိရောက်ရောက် သုံးစွဲနိုင်ရေး ကြပ်မတ်နေသလို G20  နိုင်ငံတွေကလည်း ကြွေးမြီပေးဆပ်ရမယ့် ကာလကို ၂၀၂၀ ပြည့်နှစ် မေလကစလို့ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေးခဲ့တဲ့အပြင် ၂၀၂၁ ခုနှစ် ဇွန်လကုန်အထိ နောက်ထပ် ၆ လ ထပ်ရွှေ့ပေးမယ်လို့ ကြားသိရကြောင်းလည်း ဆိုပါတယ်။ IMF  Mission  Chief , Mr. Shanaka  Jayanath  Peiris ကလည်း ကိုဗစ်-၁၉  ကာလအတွင်း မြန်မာအစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်တာတွေကို အားရကျေနပ်သလို မြန်မာနိုင်ငံအတွက် IMF ကနေ RCF နဲ့ RFI အစီအစဉ်တို့နဲ့ ပံ့ပိုးပေးမယ့် ဒုတိယအသုတ်ချေးငွေ အမေရိကန် ဒေါ်လာသန်း  ၃၅၀ ထုတ်ချေးရေးကိစ္စကို IMF Director Board  အဖွဲ့က လာမယ့်နှစ် ဇန်နဝါရီလလယ်လောက်မှာ အတည်ပြု ဆုံးဖြတ်နိုင်ရေး တင်ပြပေးမယ်လို့ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024