A d v e r t i s e m e n t With Us

ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးနှံပေးမည်ဟု သမ္မတထရမ့်ပြော

အမေရိကန် အစားအစာနဲ့ ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ (FDA) က ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုခဲ့ပြီးနောက် ပထမဆုံးကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးနှံပေးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။   သမ္မတထရမ့်က “အမေရိကန်နိုင်ငံဟာ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်အောင်မြင်မှုကို ရရှိခဲ့တယ်။ ၉ လ အတွင်းမှာပဲ ဘေးကင်းပြီး အစွမ်းထက်တဲ့ ကိုဗစ်ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး သိပ္ပံဆိုင်ရာ အောင်မြင်မှုတစ်ခုလည်း ဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးက လူ့အသက်ပေါင်း သန်းနဲ့ချီ ကယ်တင်မှာဖြစ်ပြီး မကြာခင်မှာ ကပ်ရောဂါ ပြီးဆုံးသွားပါလိမ့်မယ်” လို့ ပြောပါတယ်။  ဖိုင်ဇာထုတ် ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲ့အထက် လူတွေကို ထိုးနှံပေးနိုင်တယ်လို့ FDA က ဆိုပါတယ်။  ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအသုတ် ဆေးလုံးရေ ၂ ဒသမ ၉ သန်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရောဂါအခံရှိ သက်ကြီးရွယ်အိုတွေကို အဓိကထိုးနှံသွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up