တစ်လတာအကောင်းဆုံးနည်းပြဆုက အသင်းကို ပေးအပ်သည့်ဆုဟု မော်ရင်ဟို ပြော

310
တစ်လတာအကောင်းဆုံးနည်းပြဆုဟာ တစ်ဦးချင်းဆု မဟုတ်ဘဲ အသင်းကိုပေးတဲ့ ဂုဏ်ပြုဆု ဖြစ်တယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။
စပါးနည်းပြ မော်ရင်ဟိုဟာ နိုဝင်ဘာလအတွက် အကောင်းဆုံးနည်းပြဆု ရွေးချယ် ချီးမြှင့်ခံခဲ့ရတာပါ။
အဲဒီဆုဟာ တစ်ဦးချင်းဆုတံဆိပ် မဟုတ်ဘဲ အသင်းသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ အသင်းလိုက်ဆုတံဆိပ်ဖြစ်ပြီး တသင်းလုံးရဲ့စွမ်းဆောင်မှု မဟုတ်ဘဲ ဆုရဖို့ မဖြစ်နိုင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။
နိုဝင်ဘာလအတွင်းမှာ ရရှိခဲ့ ရလဒ်ပိုင်းကို ကြည့်ပြီး ဆုပေးခဲ့တာဖြစ်လို့ မိမိတစ်ဦးတည်းကို ပေးတဲ့ဆု မဟုတ်ဘဲ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းသားအားလုံးကို ပေးတဲ့ဆု ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။
စပါးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
ခရစ္စတယ်ပဲလေ့က နည်းပြပိုင်းရော ကစားသမားပိုင်းမှာပါ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားလို့ နေရာပေါင်းစုံကနေ ခြိမ်းခြောက်မှုတွေပေးနိုင်တဲ့အသင်း ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။