ပြန်လည် လှုပ်ရှားသက်ဝင်လာသည့် မန္တလေး (ဓာတ်ပုံ)
DVB
·
December 11, 2020
မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းကို ထိန်းချုပ်ဖို့ မန္တလေးတိုင်းအစိုးရက ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ semi lockdown သတ်မှတ်ပြီး နေအိမ်အတွင်းမှာသာ နေထိုင်ကြဖို့ ပြည်သူတွေကို အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက် စတင်တဲ့ရက်ပိုင်းမှာ မန္တလေးမြို့ပေါ်မှာ လူသွားလူလာ မရှိသလောက် နည်းပါးသွားခဲ့ပြီး သီတင်းတပတ်ပြည့်တဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ လမ်းမကြီးအတော်များများမှာ စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေ ပြန်လည် သက်ဝင်လှုပ်ရှား လာနေပါတယ်။
Photo-Kaung Zaw Hein/ MPA