ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုအတွက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးဟောင်း ၃ ဦးကို တရားစွဲ

307
လူ ၂၀၀ သေဆုံးပြီး အတော်များများပျက်စီးခဲ့တဲ့ လက်ဘနွန်ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု အတွက် စုံစမ်းရေးတရားသူကြီးက အိမ်စောင့်ဝန်ကြီးချုပ် ဟာဆန်ဒီယပ်နဲ့ ဝန်ကြီးဟောင်း ၃ ယောက်ကို ပေါ့လျော့မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
တခြားတရားစွဲခံရသူတွေကတော့ အလီဟာဆန်ခါလီ၊ ပြည်သူ့ရေးရာလုပ်ငန်း ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဂါဇီ ဇီယက်တာနဲ့ ယူဆွတ်ဖိုဖန်နိုဆွန်းတို့ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ NNA က ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာပါတယ်။
စွဲချက်တွေကို တရားဝင်အကြောင်းကြားလာတာနဲ့ သူ့အနေနဲ့ ထုတ်ပြန်ချက်ပြုလုပ်သွား မယ်လို့ ပြည်သူ့ရေးရာလုပ်ငန်း ဝန်ကြီးဟောင်း ဂါဇီ ဇီယက်တာက ရိုက်တာကို ပြောပါတယ်။
ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်စေတဲ့ အမိုနီယမ် နိုက်ထရိတ်အမြောက်အမြားသယ်လာတဲ့ ရိုးဆပ်သင်္ဘော ရောက်လာခဲ့ပြီးနောက် ဇီယက်တာဟာ ၂၀၁၄ တုန်းက ပြည်သူ့ရေးရာလုပ်ငန်းနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့ပါတယ်။
အာဏာပိုင်တွေက အားပြင်းဓာတုပစ္စည်းတွေဖြစ်တဲ့ အမိုနီယမ်နိုက်ထရိတ်တွေကို ဘေရွတ်မြို့လယ် ဆိပ်ကမ်းမှာ ဘေးကင်းစိတ်ချရမှု မရှိဘဲ နှစ်များစွာ သိုလှောင်ခဲ့တယ်လို့ ပြောပါတယ်။