စပိန်တွင် ကုန်လှောင်ရုံ မီးလောင်ပြီး လူ ၃ ဦး သေဆုံး၊ ၂၃ ယောက် ဒဏ်ရာရ

504
စပိန်နိုင်ငံ ဘာစီလိုနာမြို့ဆင်ခြေဖုံးက ရွှေ့ပြောင်းလာသူတွေနေထိုင်တဲ့ အဆောက်အအုံ တစ်ခုမှာ မီးလောင်သေဆုံးခဲ့တဲ့ ရုပ်အလောင်း နှစ်ခုကို ဒီဇင်ဘာ ၁၀ ရက်မှာ မီးသတ်သမားတွေ သယ်ထုတ်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ ကုန်လှောင်ရုံမီးလောင်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တာပါ။
ဒဏ်ရာရသူတွေထဲက ၄ ယောက်ဟာ စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပထမ သေဆုံးသူ နှစ်ယောက်ဟာ အာဖရိကန်မြောက်ပိုင်းကဖြစ်တယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က ဆိုပြီး သေဆုံးဒဏ်ရာရသူတွေအတွက် ကြေကွဲဝမ်းနည်းမိကြောင်း ပြောပါတယ်။
ကာတာလန်အစိုးရရဲ့ ပြည်ထဲရေးဌာန တာဝန်ရှိသူ တစ်ဦးက သေဆုံးသူတွေ ထပ်တွေ့ လာနိုင်တယ်လို့ ပြောပါတယ်။
အထောက်အထားမဲ့ရွှေ့ပြောင်းလာသူတွေဟာ ဘာဒါလိုနာစက်မှုဇုန်က ဂိုဒေါင်တွေမှာ မကြာခဏ အိပ်စက်တတ်တယ်လို့ ကာတာလိုးနီးယားဒေသ ခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။