ဥပဒေကြမ်း ၂ ခု အတည်ဖြစ်နိုင်
DVB
·
August 22, 2013
အခုကျင်းပနေတဲ့ လွှတ်တော်သက်တမ်းအတွင်း အငြင်းပွားနေတဲ့ ဥပဒေကြမ်း ၂ ခု အတည်ပြုဖို့ များတယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ပြန်ကြားရေးကတင်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေနဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက တင်တဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းတွေကို ဒီတကြိမ် လွှတ်တော်မှာ အပြီးသတ်တော့မှာ ဖြစ်ပါတယ်။
အခု ကျင်းပနေတဲ့ ၇ ကြိမ်မြောက် လွှတ်တော် ၂ ရပ်လုံးကို ဩဂုတ်လကုန်မှာ ရပ်နားဖို့ ရှိပါတယ်။