ဥပဒေကြမ်း ၂ ခု အတည်ဖြစ်နိုင်

အခုကျင်းပနေတဲ့ လွှတ်တော်သက်တမ်းအတွင်း အငြင်းပွားနေတဲ့ ဥပဒေကြမ်း ၂ ခု အတည်ပြုဖို့ များတယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ပြန်ကြားရေးကတင်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေနဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက တင်တဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းတွေကို ဒီတကြိမ် လွှတ်တော်မှာ အပြီးသတ်တော့မှာ ဖြစ်ပါတယ်။ အခု ကျင်းပနေတဲ့ ၇ ကြိမ်မြောက် လွှတ်တော် ၂ ရပ်လုံးကို ဩဂုတ်လကုန်မှာ ရပ်နားဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up