Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၄၂၇ ဦးတွင် ရန်ကုန်က ၇၇၆ ဦး၊ မန္တလေးက ၃၀၄ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 10, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၇၇၆ ယောက်၊ မန္တလေးတိုင်းက ၃၀၄ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီမှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၇၁ ယောက်၊ မင်္ဂလာဒုံက ၅၈ ယောက်၊ ရွှေပြည်သာက ၅၁ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း ၄၃ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၃၀၄ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ အယောက် ၁၀၀၊ ရခိုင်ပြည်နယ်မြို့နယ်  ၉ ခုမှာ  ၁၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၇၉ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၈ ခုမှာ ၂၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ ၂၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၃၇ ယောက်၊ ရှမ်းပြည်နယ်မြို့ နယ် ၈ ခုမှာ ၁၀ ယောက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခု မှာ ၁၁ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၁၅ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၂၀ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၁၀၃,၁၆၆ ယောက်၊ သေဆုံးသူ ၂,၁၇၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၈၁,၇၁၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၆၉ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024