ဘရက်ဆစ် အကျပ်အတည်း ဗြိတိန်နှင့်အီးယူ သဘောတူညီချက် မရ

227
ဘရက်ဆစ်ကုန်သွယ်ရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်နဲ့ အီးယူအကြီးအကဲ အာဆူလာဗွန်ဒါလီယွန်တို့ရဲ့ ဆွေးနွေးပွဲဟာ သဘောတူညီချက် မရဘဲ ဒီဇင်ဘာ ၉ ရက်က ပြီးဆုံးခဲ့ပါတယ်။
နှစ်ဖက်အကြား ကွာဟချက်တွေ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ဒီဇင်ဘာ ၁၃ ရက်မှာ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ဗြိတိန်ညှိနှိုင်းရေးမှူး လော့ဒ်ဖရော့စ်နဲ့ အီးယူညှိနှိုင်းရေးမှူး မစ်ရှယ်ဘာနီယာ တို့နှစ်ယောက် နောက်ပိုင်း ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးပွဲ ပြန်စမယ်လို့လည်း မစ္စဗွန်ဒါလီယွန်က ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်နဲ့ အီးယူအကြီးအကဲတို့ ပြုလုပ်တဲ့ ၃ နာရီကြာ အလုပ်သဘော ညစာ စားပွဲကို ညှိနှိုင်းရေးမှူး နှစ်ယောက်လည်းတက်ရောက်ခဲ့ပါတယ်။
ဘီဘီစီသတင်းထောက် လော်ရာ-ကူအန်းဘာရစ်ကတော့ ဗြိတိန်အနေနဲ့ အီးယူကနေ သဘောတူညီချက်မရဘဲ နုတ်ထွက်ရဖို့ အတော်လေး နီးစပ်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။