ကိုဗစ်ကာလ အင်ဒိုနီးရှားတွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပ

A voter wearing a protective mask is seen at the polling booth during regional elections amid the coronavirus disease (COVID-19) outbreak in Depok, on the outskirts of Jakarta, Indonesia, December 9, 2020. REUTERS/Ajeng Dinar Ulfiana
326
အင်ဒိုနိးရှားမှာ ကိုဗစ်-၁၉ ရောဂါကူးစက်တာတွေ မြင့်တက်နေချိန်မှာပဲ ဒီဇင်ဘာ ၉ ရက်က ဒေသဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပပါတယ်။
ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ မဲပေးသူ များပြားတာဟာ အုပ်စုလိုက် ကူးစက်မှုတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
မဲရုံတွေမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းကမ်းတွေ သတ်မှတ်ထားပြီး ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ဘာသာရေးအဖွဲ့တွေက ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ တောင်းဆိုနေပေမယ့်လည်း မဲရုံတချို့ကတော့ မဲပေးသူတွေကို ဆွဲဆောင်တဲ့အနေနဲ့ ပုံစံအမျိုးမျိုး တန်ဆာဆင်ထားပါတယ်။
မဲပေးသူတစ်ဦးကလည်း မဲရုံမှာ ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ စီစဉ်ထားမယ်ထင်လို့ မဲလာပေးတာပါလို့ ဆိုပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူပေါင်း သန်း ၁၀၀ ကျော်ပါတယ်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ခရိုင် ၂၄ ခု၊ မြို့ပေါင်း ၃၇ ခုက မဲရုံပေါင်း ၃ သိန်းနီးပါးမှာ ကျင်းပသွားမယ်လို့ အင်ဒိုနိးရှား အထွေထွေရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
အခု ရွေးကောက်ပွဲဟာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတာနဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၈၆,၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၁၈,၀၀၀ ကျော်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။