Home
သတင်းဓာတ်ပုံ
ရာပြည့်အမျိုးသားနေ့ ရန်ကုန်တက္ကသိုလ်ရှေ့မြင်ကွင်း (ဓာတ်ပုံ)
DVB
·
December 9, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) ဟာ နှစ်ပေါင်း ၁၀၀ ပြည့် အမျိုးသားနေ့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဒီနေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်း တံခါးဝကို ပိတ်ထားတဲ့အတွက် ကျောင်းဝင်းအတွင်း သမဂ္ဂရင်ပြင်နီရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ် ကျောက်တိုင်ကို ကျောင်းသားတချို့က အပြင်ကနေ လာရောက် အလေးပြုခဲ့ပါတယ်။ ပထမကျောင်းသားသပိတ် ရာပြည့်အထိမ်းအမှတ်အနေနဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်ရှိရာ သမဂ္ဂရင်ပြင်နီမှာ ရင်ပြင်နီဆိုင်းဘုတ်နဲ့ ကမ္ပည်းမှတ်တမ်း ဆောက်လုပ်တာကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြုလုပ်နေရာမှာ တက္ကသိုလ်အာဏာပိုင်တွေနဲ့ ကျောင်းသားတွေ ပဋိပက္ခဖြစ်နေပါတယ်။ ဒီနေ့ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာလည်း Stay at Home အမိန့်အတွက် စည်းကမ်းတင်းကျပ်တဲ့အနေနဲ့ ပြင်ပထွက်သွားလာနေသူတွေကို စစ်ဆေးတာတွေလည်း ပြုလုပ်နေပါတယ်။ Photo - JPaing / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024