ရန်ကုန် မြို့နယ်အချို့တွင် မလိုအပ်ဘဲ အပြင်ထွက်သူများကို သတိပေးပြီး ပြန်လွှတ်နေ
ပြည့်ဘုန်းအောင်
·
December 7, 2020
ကိုဗစ်ရောဂါပိုး ထိန်းချုပ်ရေးအတွက် Stay At Home အဖြစ်သတ်မှတ်ထားတဲ့ ရန်ကုန်က မြို့နယ်တွေမှာ သတ်မှတ်စည်းကမ်းတဲ့မညီဘဲ အပြင်ရောက်နေသူတွေကို တာဝန်ရှိသူ တွေက စစ်ဆေးနေပြီး ပထမအကြိမ်သတိပေးတဲ့အနေနဲ့ နေအိမ်ကို ပြန်လွှတ်နေပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေ၊ ယာဉ်ထိန်းရဲတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ဖြတ်သွားဖြတ်လာ ကားတွေကို စစ်ဆေးပြီး စည်းကမ်းတဲ့ မညီတဲ့ကားတွေကို ပြန်လွှတ်နေပါတယ်။
ဒီအစီအစဉ်ဟာ ရန်ကုန်တိုင်း တတိုင်းလုံးအနေနဲ့ ဆောင်ရွက်တာတော့မဟုတ်ဘဲ ကိုယ့်မြို့နယ် ခရိုင်အလိုက် ဆောင်ရွက်နေတာလို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၉,၁၅၅ ယောက်၊ သေဆုံးသူ ၂,၁၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၇,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။