သေနတ်ကိုင်လူအချို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် မူဆယ်မြို့ကအမျိုးသမီး ပြန်လွတ်လာ
DVB
·
December 7, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝိန်းရွာမှာ သေနတ်ကိုင် လူတချို့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ့ပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာ မူဆယ်သင်္ချိုင်းအနီးက ဘောလုံးကွင်းမှာ ညနေပိုင်း လာလွှတ်ပေးသွားတာဖြစ်ပြီး တရုတ်ယွမ် ၈ သောင်းပေးခဲ့ရတယ်လို့ ခိုဝိန်းရွာဒေသခံ စိုင်းဆိုင်က ပြောပါတယ်။
ဖမ်းခံရသူရော၊ ဖမ်းသူတွေရော တရုတ်စကားပြောကြတယ်လို့ မူဆယ်ခရိုင် ကျားဖြူပါတီ တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ကားအဖြူနဲ့ လူသုံးယောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို တားပြီး သေနတ်နဲ့ ထောက်ကာ အတင်းအဓမ္မဆွဲခေါ်ပြီး ကားပေါ်တင်သွားတာကို CCTV ရုပ်သံဖိုင်မှာ တွေ့ခဲ့ရပါတယ်။
"ဒီတရုတ်အမျိုးသမီးက အကြွေးပေးစရာရှိလို့ ဆိုပြီး ဖမ်းသွားတာတဲ့ သက်ဆိုင်ရာကို မတိုင်နဲ့လို့ ပြောသွားတယ်" လို့ မူဆယ် ရပ်မိရပ်ဖတဦးက သူကြားသိထားတာကို ပြောပါတယ်။