A d v e r t i s e m e n t With Us

အာဆင်နယ်နည်းပြ အာတီတာကို မော်ရင်ဟို ချီးကျူး

၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမဲ့ အာဆင်နယ်အသင်းက အခက်တွေ့အောင် ပြုလုပ်ခဲ့ကြောင်း စပါးနည်းပြ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး ပြိုင်ဘက်နည်းပြ မီခေးလ်အာတီတာကိုလည်း ပွဲအပြီးမှာ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။  ဒီဇင်ဘာ ၆ ရက်နေ့ည လန်ဒန်ဒါဘီမှာ မော်ရင်ဟိုအသင်းအတွက် ဆွန်ဟောင်မင်က ပွဲချိန် ၁၂ မိနစ်မှာတင် ဧရိယာပြင်ဘက်ကနေ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ကိန်းက ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်ဘက်က ပွဲပြီးတဲ့အထိ ချေပဂိုးတွေရရှိအောင်  မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီနိုင်ပွဲကြောင့် စပါးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး နိုင်ခဲ့ပေမယ့် ဒီပွဲစဉ်ဟာ သူ့အသင်းအတွက် မလွယ်ကူခဲ့ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။  “စပါး- အာဆင်နယ်ပွဲ ဆိုတာကြောင့်မဟုတ်တောင် ဒီပွဲဟာ တကယ့်ကိုပွဲကြီးတစ်ပွဲပါ။ ကျနော်တို့ကို တကယ်ကြီးအခက်တွေ့စေခဲ့တဲ့ အာတီတာကို ကွန်ဂရက်ကျူးလေးရှင်းစ် လို့ ပြောချင်ပါတယ်။ နည်းစနစ် ပိုင်းအရ သူတို့ဟာ တကယ်ကိုကောင်းခဲ့ပြီး စုစုစည်းစည်းလည်း ရှိခဲ့ပါတယ်။ သူတို့ဟာ ကျနော်တို့အသင်းကို ပြဿနာတွေဖြစ်စေခဲ့ပြီး ကျနော်တို့က ဒီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ သူတို့မှာက တကယ်ကောင်းတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အစွမ်းသတ္တိတွေရှိနေပြီး စိတ်ဓာတ်ပိုင်းကလည်း တကယ်ကိုကောင်းပါတယ်။ အာဆင်နယ် ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အတာတီကလဲ နည်းပြကောင်းတစ်ယောက်ပါ” လို့ စပါးနည်းပြက ပြောပါတယ်။ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ပြီးခဲ့တဲ့လိဂ် ၃ ပွဲမှာ ၇ မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။ သူတို့ဟာ မန်စီတီးအသင်းကို အနိုင်ရရှိခဲ့သလို ချဲလ်ဆီးအသင်းနဲ့ သရေကျခဲ့ပြီး လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up