Home
ရုပ်သံ
ဟန်ချက်ညီညီ အစွမ်းပြပြီး Live Show အဆင့်ကို ဖြတ်ကျော်ခဲ့သည့် ရက်ပ်ညီနောင်-Error အဖွဲ့ (ရုပ်သံ)
DVB
·
December 7, 2020
မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စတုတ္ထအဆင့် Live Show ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် Error အဖွဲ့က X-Box သီချင်းကို ဟန်ချက်ညီညီ သီဆိုပြီး ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လူငယ် ၂ ယောက်နဲ့ဖွဲ့စည်းထားတဲ့ Error အဖွဲ့ဟာ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကဖြစ်ပြီး ဒီအဆင့်မှာတော့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ IV ထူး၊ မိုးသား၊ Jen Jeng တို့နဲ့အတူ အပြိုင်ကြဲသီဆိုယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့ အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၄ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သူ ၁၆ ယောက်သာ ကျန်ရှိနေခဲ့ကာ စတုတ္ထအဆင့် Live Show ပြိုင်ပွဲတွေကို ကျင်းပနေတာပါ။ Blind Audition အဆင့်မှာတုန်းကတော့ Error အဖွဲ့က Lil’Z နဲ့ Mary တို့ သီဆိုထားကြတဲ့ “မငိုပါနဲ့တော့” သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက် Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ရွှေသွေးနဲ့အတူ “နှစ်ယောက်တစ်ယောက်” အမည်ရတဲ့ ကိုယ်တိုင်ရေး ရက်ပ်သီချင်းနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကာ နောက်တဆင့် ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။        နောက်တဆင့် KnockOut Round အဆင့်မှာတော့ Error အဖွဲ့က အဆိုတော် ရွှေထူးနဲ့ Y-Zet တို့ သီဆိုထားတဲ့ “ငါမှန်တယ်”သီချင်းနဲ့ ယှဉ်ပြိုင်ကာ Live Show အဆင့်ကို ဆက်လက်တက် ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပရိသတ်တွေက မဲပေးမှုအများဆုံး ပြိုင်ပွဲဝင်တယောက်နဲ့ သက်ဆိုင်ရာ Coach က ထပ်မံရွေးချယ်တဲ့ ပြိုင်ပွဲဝင်တယောက်ကိုသာ ထပ်မံပြီးတော့ ရွေးချယ်တာ ဖြစ်ပါတယ်။ Error အဖွဲ့က အဆိုတော် X-Box ရဲ့ Age 60 သီချင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်အ စွမ်းပြသွားခဲ့ပြီး Coach ရန်ရန်ချန်းရဲ့ ရွေးချယ်မှုနဲ့ နောက်တဆင့် တက်ရောက်သွားခဲ့တာဖြစ်ပြီး IV ထူးကတော့ ပရိသတ်တွေရွေးချယ်တဲ့ မဲအများဆုံးနဲ့ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာပါ။ ကျန်ရှိတဲ့ ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်ကြတဲ့ မိုးသားနဲ့ Jen Jeng တို့ကတော့ ဒီအဆင့်ကနေ နှုတ်ဆက်အိမ်ပြန်ခဲ့ကြရပြီ ဖြစ်ပါတယ်။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။        လာမယ့် တပတ်မှာ ယှဉ်ပြိုင်ကြမယ့် အဆင့်မှာရော ကျန်ရှိနေသေးတဲ့ သက်ဆိုင် ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်ကြ ဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024