Home
မြန်မာသတင်း
ဘားအံမြို့တွင် ထမင်းပေါင်အိုးတည်ရာက နေအိမ် ၁၁ လုံး မီးလောင်မှုဖြစ်ပွား
DVB
·
December 6, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်၊ ၄ လမ်းသွယ်မှာ ဒီဇင်ဘာ ၆ ရက် မနက် ၉ နာရီလောက်က ထမင်းပေါင်အိုးတည်ရာကတဆင့် နေအိမ် ၁၁ လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ဟာ ကရင်ပြည်နယ်အတွင်း လူနေအိမ်မီး‌လောင်မှုတွေထဲမှာ အကြီးမားဆုံး မီးလောင်မှုဖြစ်တယ်လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့မှူးဦးစိုးဝင်းက ပြောပါတယ်။ “ကြီးကြီးမားမား ကျနော်တစ်နှစ်တာ တာဝန် ထမ်းဆောင်တဲ့ကာလမှာ အခုလိုမျိုး နေအိမ် ၄၊ ၅၊ ၆ လုံးထက်တော့ မပိုခဲ့ဘူး။ ဒီနှစ် အိမ်မီးလောင်မှုထဲမှာ အကြီးမားဆုံး လောင်ကျွမ်းမှုပဲ။” မီး‌လောင်မှုဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ ဦးကျော်အေးဟာ နေအိမ်မီးဖိုချောင်အတွင်း ထမင်းအိုးတည်ရာက အပူလွန်ကဲပြီး နေအိမ်မီးစတင်လောင်ကျွမ်းရာက လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးပြီး နေအိမ် ၆ လုံး အနည်းငယ်စီ မီးစွဲလောင် ပျက်စီးခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားရာကို ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာဝန်ကြီးနဲ့ တာဝန်ရှိသူတွေက မီးလောင်မှုဖြစ်စဉ်ကို ကြည့်ရှုစစ်ဆေးပြီး နေအိမ်မီး‌လောင်ဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တွေအတွက် ယာယီနေထိုင်ဖို့ နေရာချထားပေးရေး တာဝန်ရှိသူတွေကို အသေးစိတ် မှာကြားခဲ့ပါတယ်။ မီးလောင်မှုဖြစ်စဉ်အတွင်း မီးသတ်ယာဉ် ၁၄ စီး၊ သန္ဓေမီးသတ်သတ်ဖွဲ့ဝင် ၄၀ ဦး၊ အရန်မီးသတ်ဖွဲ့ဝင် ၄၀ ဦးတို့က မီးငြိမ်းသတ်ခဲ့တဲ့အတွက် မနက် ၁၀ နာရီခန့်မှာ မီးညွန့်ကျိုးပြီး မီးငြှိမ်းနိုင်ခဲ့ပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးကျော်အေးကို ပုဒ်မ ၂၈၅(မီးပေါ့ဆမှု) နဲ့ ဘားအံမြို့မ ရဲစခန်းက အမှုဖွင့်လှစ်ပြီး စစ်ဆေးနေပါတယ်။ ကရင်ပြည်နယ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့ရာမှာ နေအိမ်မီးလောင်မှုဖြစ်စဉ် အနည်းငယ်ပဲရှိတယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024