Home
မြန်မာသတင်း
မိတ္ထီလာတွင် တရားမဝင် အနှိပ်ခန်းဖမ်းဆီး၊ အနှိပ်ခံသူအပါအဝင် ၁၀ ဦးကို အမှူဖွင့်
DVB
·
December 6, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ပြည်သာယာမြောက်ရပ်ကွက် ၂ လမ်း နဲ့ ၃လမ်းကြားရှိ တရားမဝင်အနှိပ်ခန်းကို ဒီဇင်ဘာ ၅ ရက်နေ့က ဝင်ရောက်ဖမ်းဆီးပြီး အနှိပ်ခံနေသူတွေအပါအဝင် ၁၀ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဥပဒေနဲ့ အမှူဖွင့်ထားတလို့ မိတ္ထီလာအမှတ် ၃ ရဲစခန်းက ပြောပါတယ်။    မိတ္ထီလာအမှတ် (၃) ရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက "အမျိုးသမီး ၆ ဦး၊ အနှိပ်ခံနေသူ အမျိုးသား ၃ ဦး၊ ပိုင်ရှင်အမျိုးသား ၁ ဦး၊ ပေါင်း ၁၀ ဦးကို သဘာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဥပဒေနဲ့ ဖမ်းဆီး အမှူဖွင့်ထားပါတယ်" လို့ ပြောပါတယ်။ မိတ္ထီလာမြို့ ပြည်သာယာမြောက်ရပ်ကွက်ရှိ ဦးစောမောင်ကြီးနေအိမ် အနှိပ်ခန်း ၄ ခန်းက မွေ့ရာနဲ့ခေါင်းအုံးတွေ အချိန်မှတ်တဲ့ စာရင်းစာအုပ် ၁ အုပ်၊ ဘောပင် ၁ ချောင်းနဲ့ အမှိူက်ခြင်းတွေကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ မိတ္ထီလာအမှတ်(၃)ရဲစခန်းမှာ ဦးစောမောင်ကြီးအပါအဝင် ၁၀ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ်အထိချမှတ်နိုင်တဲ့ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဥပဒေနဲ့ ဖမ်းဆီးအမှူဖွင့်ထားပါတယ်။ သတင်း-ဓာတ်ပုံ-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024