ဧရာဝတီမြစ်အတွင်း တရားမဝင် မြစ်ကျောက်စရစ်ထုတ်ယူနေသည့် မော်တော်ကို ဖမ်းဆီး

ဓာတ်ပုံ- ဝင်းထွေး
ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ကွမ်းသီးတစ်ပင်ကွင်း အမှတ်-၇၁၇ (ခ) တောင်ကျွန်းအနီးမှာ ဒီဇင်ဘာ ၄ ရက်နေ့ညက တရားမဝင်မြစ်ကျောက်စရစ်ထုတ်လုပ်နေတဲ့ မော်တော်တစီး ဖမ်းဆီးရမိခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ "ကျနော်တို့ကို ဒေသခံတွေ လှမ်းပြီးတိုင်ကြားတုန်းကတော့ ကျောက်စုပ်မော်တော် ၄ စီး ၅ စီးလောက်လို့ ပြောတယ်။ ကျနော်တို့ သွားရောက်တဲ့ အခါကျတော့ မော်တော်တွေက ​မရှိတော့လို့ အချိန်ယူပြီးစောင့်ကြည့်နေရတာ၊ နာရီဝက် ၁ နာရီလောက်ကြာတော့မှ ၂ စီး ပြန်လာပြီး ကျောက်စုပ်နေတယ်။ ကျွန်တော်တို့ သွားဖမ်းတော့ တစ်စီးတော့ မိလိုက်တယ်။ တစ်စီးကတော့ ပြေးတော့ လွတ်သွားတယ်။ အခုမိတဲ့ မော်တော်တစ်စီးမှာတော့ တရားဝင် ဘာအထောက်အထားမှ မပြနိုင်ပါဘူး" ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ လက်ပံတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးမင်းကျော်သူက ပြောပါတယ်။ ဧရာဝတီမြစ်အတွင်း ​​တရားမဝင်မြစ်ကျောက်စရစ်ထုတ်နေ​တာကြောင့် ဖမ်းဆီးမိခဲ့တဲ့ မော်တော်မှာ ဂုဏ်ဓနအမည်ရှိ မော်တော်ဖြစ်ပြီး မော်တော်ပေါ်မှာ  ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဘုရားလှအုပ်စု၊ ရွှေကျင်ကမ်းနားရွာက ဦးဇော်ထွန်းအပါအဝင် ၆ ဦးအား ဖမ်းဆီးမိတယ်လို့ သိရှိရပါတယ်။ မော်တော်ကိုတော့ ပျဥ်ထောင်ကွင်းကျေးရွာဆိပ်ကမ်းမှာ ထားရှိကာ၊ မော်တော်နဲ့ ကျောက်စုပ်ယုနေသူ ၆ ဦးကို ဥပဒေအရ အရေးယူဖို့ ပြည်မြို့ရှိ ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဝဏ္ဏထွန်း  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up